Home 🎬 Bollywood 🎵 Pakistani 🎤 English Pop

chit thaw

👤 Floke Rose • 🎼 find your way out of the blue • ⏱️ 4:28
🎵 1921 characters
⏱️ 4:28 duration
🆔 ID: 11382873

📜 Lyrics

သန်းခေါင်ယံ ကြယ်များလည်းမလင်းပါ
ကမ္ဘာအိုဟာ တိတ်ဆိတ်လို့နေပြီ
အဝါရောင် သီချင်းလေးတစ်ပုဒ်ကို
နာနာကြင်ကြင် ဖွဖွလေး ဆိုညည်း
တူနှစ်ကိုယ်အပြန်အလှန် ချစ်ခဲ့ခြင်းတွေ
ဒီနေရာမှာ ဒီလိုအဆုံးသတ်ပြီ
ဒဏ်ရာတွေနဲ့ ပြတ်လုကြိုးတွေ အေးအတူ ပူအမျှ
ဘဝက ခါးစေသည်
ကိုယ်ဖမ်းဆုတ်ထားတဲ့
မင်းလက်တစ်ဖက်ဟာ
မသိမသာပြေလျော့နေ
နောက်ကျောခိုင်းထားပြီး
ရွေးတဲ့လမ်းမှာ ပန်းတွေကြွေတော့မလေ
"ချစ်သော"ရေ အဝေးမှာ ပျော်တော့လေ။
ကြယ်တာရာနဲ့ ချောကလက်လမ်းတွေ
ဆောင်းအိုကြွေလု နှင်းစက်ကင်းလေပြီ
သွားလေသူအတွက် ခင်းလို့ထားနေသည်
မှုန်မှုန်ရီရီ မြူဝန်းရစ်သီ
လိုရာကို ပျံပါတော့ လေစုန်ကို ဆန်ပါတော့
ပြတ်လို့သွားတဲ့စွန် ရစ်ဘီးကလေးငေးကာနေ
နေညိုရီဝေမှောင်မှိုက်သော အတိတ်မှာ
ကိုယ်နေထိုင်ခဲ့ပြီး
ချစ်သောရေ
မင်းအနာဂတ် လေနုအေးကလေးအေးပါစေ

⭐ Rate These Lyrics

☆☆☆☆☆
Average: 0.0/5 • 0 ratings