Home 🎬 Bollywood 🎵 Pakistani 🎤 English Pop

Rose's Poème

👤 Floke Rose 🎼 Rose's Poème ⏱️ 4:42
🎵 7283 characters
⏱️ 4:42 duration
🆔 ID: 11567294

📜 Lyrics

အမှောင်ကြောက်တဲ့မင်းအတွက်
ကြယ်လေးတွေသီထားတယ်
အချစ်ရယ်ဆက်ထုံးကင်းကင်းနဲ့
စိတ်ချင်းငါတို့ချည်ကြမယ်
တိမ်တွေကိုအမြစ်တွယ်ထားတဲ့
ကောင်းကင်စိုက်ခင်းထဲမှာ
အမျိုးသမီးလေးတစ်ယောက်ဟာ
လှချင်တိုင်းကိုလှနေပါတယ်ဗျာ

တောင်တွေဟာနီးလေမြင့်လေဘဲ
လွယ်လွယ်နဲ့အစစ်မထင်ပါနဲ့
ဂုဏ်ဓနဟာသုံညမို့လို့
အချစ်ရယ်အပြစ်မမြင်ပါနဲ့
အသံကုန်ဟစ်လို့အလွမ်းတွေသာ
ပြေနိုင်မယ်ဆိုရင်လေ ဒီတစ်ခေါက်နွေတော့
ကျွန်တော် ဥသြလေး
တစ်ကောင်သာ ဖြစ်ချင်ပါရဲ့

သူ့အကြောင်းအိမ်မက်တွေညနဲ့ဆံ့ဖို့
ကျွန်တော်မလုပ်နိုင်ဘူးဗျ
အချစ်ခရီးဟာဖြစ်ပြီးရင်
ပြန်မဆုတ်နိုင်ဘူးဗျာ
နှင်းဆီပန်းလေးဟာ
သတိရလွန်လွန်းလို့ လွမ်းနေရရှာတယ်
ကိုယ့်ထမင်းကိုယ်စားပြီး
သူများသားသမီးကို လွမ်းနေရပါတယ်

မှောင်မဲချိန်တိုင်းမှာ
အလင်းပေးနိုင်ဖို့

ဖယောင်းတိုင်တစ်ချောင်းလိုမျိုး
လောင်ကျွမ်းမဲ့သူပါ
ဘဝရဲ့ကွက်လပ်များဖြည့်နိုင်ဖို့
မင်းငါ့ကိုပေးခဲ့သော
အချစ်ရဲ့အဓိပ္ပါယ်များ

ငှက်ကလေးနှစ်ကောင် ပူးကပ်လို့လေမှာဝဲမျော
တွေ့လားအချစ်ကလေး မင်းမော့ကြည့်လိုက်
မင်းနဲ့ငါ့လိုပဲပေါ့
မင်းမရှိရင်သေမှာပဲနော်
အချစ်ကိုချိုတယ်ခါးတယ်ဆိုပြီး အရသာခွဲ
မနေပါနဲ့တော့

အရင်ကဘာသာမဲ့တဲ့ကောင်
မင်းကိုမှကိုးကွယ်တတ်လာတာ
မင်းဆံပင်လေးကို နားရွက်နောက်ပို့ရတဲ့
အချိန်တိုင်းဟာရက်ရာဇာ
မတွေ့ရတဲ့ တစ်ရက်တာဟာ
ရာသီများစွာအလား
မင်းပါးလေးအမြဲတမ်း ထိုင်ညှစ်ချင်တာ
အာသီသပါကွာ

အခုကစ ကြိုးစားနေ
ဖြစ်ပြီ အလုပ်အကိုင် အတည်တကျ
ငါ့အမေပြီးရင်မင်းကိုပဲ
အချစ်ဆုံးဆိုတာကိုသိလား
အမြဲတမ်းမက်တဲ့အိမ်မက်ထဲ
နိုးလာရင်မင်းမရှိဘူး
အိပ်ရာထမျက်စိဖွင့်တိုင်း
မင်းကိုရှာတာမင်းမသိဘူး

မင်းကနှင်းဆီဖူးကိုယ်က
ဆူးငြှောင့်ပါအချစ်ရယ်
ဝင်သက်ထွက်သက်တိုင်းမှာမင်းကို
ရူးလောက်အောင်ချစ်တယ်
လက်နှက်ချအရှုံးပေးလို့ ဒူးထောက်ပါတယ်
ပူလိုက်အေးလိုက် အချစ်ရဲ့ပုစ္ဆာထဲမှာ
အရူးတစ်ယောက်လိုပါပဲ

မှောင်မဲချိန်တိုင်းမှာ
အလင်းပေးနိုင်ဖို့
ဖယောင်းတိုင်တစ်ချောင်းလိုမျိုး
လောင်ကျွမ်းမဲ့သူပါ
ဘဝရဲ့ကွက်လပ်များဖြည့်နိုင်ဖို့
မင်းငါ့ကိုပေးခဲ့သော
အချစ်ရဲ့အဓိပ္ပါယ်များ

စော်လေးသရဏံဂစ္ဆမိဆိုတော့
ဝိုင်းပြီးတော့လှောင်ကြတယ်
မင်းရဲ့နှလုံးသားလယ်ယာမြေမှာ
ငါ့မျိုးစေ့ပဲအောင်ရမယ်
ဘဝမှာရုန်းကန်ရတာခက်ခဲလို့ ဘယ်လောက်ပဲ
ပင်ပန်းပါစေအချစ်ရယ်
မင်းပြုံးလိုက်လို့ သွားလေပေါ်လာတိုင်း
ရင်ထဲမှာပန်းတွေပွင့်တယ်

နာတာရှည်အလွမ်းတွေနဲ့
အိမ်မက်ငတ်သူကို ပြန်လို့ဆေးချယ်
သက်တမ်းစေ့ရှင်သန်ချင်ပါတယ်
ဘဝရဲ့နံရိုးလေးနဲ့

တစ်နေ့ကျလက်ထပ်ဖို့ စိတ်ကူးယဉ်
အနာဂတ်မှာလက်တွေ့ကျ
မင်းစိတ်တိုင်းကျပုံဖော်ထားတဲ့
အိမ်ကလေးထဲ ဖက်ပွေ့ကြ

မိသားစုဆိုတဲ့အသိုက်အမြုံထဲ
ငါတို့နှစ်ယောက်နွေးထွေးစွာ
ဆံပင်ကောက်ကောက်ပါးဖောင်းဖောင်း
သမီးလေးမွေးပေးပါ

ပစ္စုပ္ပန်ထက်အနာဂတ်
အရေးကြီးတယ် မင်းတွေးခေါ်သမျှတွေ
ဘယ်နေ့သေမှန်းမသိတဲ့ဘဝမှာ
ဒီနေ့ပဲငါပျော်ပါရစေ

မှောင်မဲချိန်တိုင်းမှာ
အလင်းပေးနိုင်ဖို့
ဖယောင်းတိုင်တစ်ချောင်းလိုမျိုး
လောင်ကျွမ်းမဲ့သူပါ
ဘဝရဲ့ကွက်လပ်များဖြည့်နိုင်ဖို့
မင်းငါ့ကိုပေးခဲ့သော
အချစ်ရဲ့အဓိပ္ပါယ်များ

လာ လာ လာ လာ
လာ လာ လာ လာ

မင်းငါ့ကိုပေးသော
အချစ်ရဲ့အဓိပ္ပါယ်များ

⭐ Rate These Lyrics

Average: 0.0/5 • 0 ratings