Home 🎬 Bollywood 🎵 Pakistani 🎤 English Pop

Thu Sain Ta Youk

👤 Myo Gyi • 🎼 Live In Yangon Vol 2 • ⏱️ 5:27
🎵 3439 characters
⏱️ 5:27 duration
🆔 ID: 11600042

📜 Lyrics

မရေရာတာ အသေအချာပဲ
မြင်နိုင်တယ် ဖြေရန်မလိုတော့ပါ
အချိန်တွေသာ လည်ပတ်ဆဲ
ကျန်နေသူ ဒီလူဟာ သူစိမ်းပါ
မဖြစ်နိုင်တဲ့ ဘဝဟာ
အရှုံးသာ နောက်ဆုံးပဲ မဟုတ်လား

ကြင်နာတယ်ဆိုပေမယ့်
အချိန်တန်ပြီဆိုရင် ပြန်သွားပါ
ဒီလူဟာ ဒီနေရာပဲ
အချိန်တန်ရင် ပြန်လာရဦးမှာ
ညင်သာစွာ တိုးတိတ်
နာကျင်လွန်းတဲ့စိတ်

မှောင်လွန်းတဲ့ဘဝမှာ သေတဲ့အထိ ဆက်ချစ်မှာ
ငါ့အသည်းထောင့်တစ်နေရာမှာ နေထိုင်ဆဲ
သေသည့်တိုင် ဒီဘဝထဲ ငါ မင်းသာအချစ်ဆုံးပဲ
ရင်မှာ အသက်နဲ့အမျှ ရှင်သန်ဆဲ

မှောင်လွန်းတဲ့ဘဝမှာ သေတဲ့အထိ ဆက်ချစ်မှာ
ငါ့အသည်းထောင့်တစ်နေရာမှာ နေထိုင်ဆဲ
သေသည့်တိုင် ဒီဘဝထဲ ငါ မင်းသာအချစ်ဆုံးပဲ
ရင်မှာ အသက်နဲ့အမျှ ရှင်သန်ဆဲ

ဆုံမှတ်တို့ လွဲချော်ခဲ့ မျှော်လင့်ချက်မဲ့နေခဲ့
ဘယ်ဘဝမှ တို့ပြန်ဆုံတွေ့ခွင့်ရှိနိုင်မလဲ အခုတော့
သူစိမ်းတစ်ယောက်ပါ

မရေရာတာ သေချာပေမယ့်
ဆုံနိုင်တယ် ဒီအိပ်မက်ထဲမှာ
အချိန်တန်ရင် ဒီနေရာပဲ
ဒီလူဟာ ပြန်လာရဦးမှာ
တကယ်ဆို ချစ်လျက်နဲ့
အရာရာ ပေးဆပ်ခဲ့ရသူပါ

မှောင်လွန်းတဲ့ဘဝမှာ သေတဲ့အထိ ဆက်ချစ်မှာ
ငါ့အသည်းထောင့်တစ်နေရာမှာ နေထိုင်ဆဲ
သေသည့်တိုင် ဒီဘဝထဲ ငါ မင်းသာအချစ်ဆုံးပဲ
ရင်မှာ အသက်နဲ့အမျှ ရှင်သန်ဆဲ

မှောင်လွန်းတဲ့ ဒီဘဝမှာ သေတဲ့အထိ ဆက်ချစ်မှာ
ငါ့အသည်းထောင့်တစ်နေရာမှာ နေထိုင်ဆဲ
သေသည့်တိုင် ဒီဘဝထဲ အို မင်းကိုအချစ်ဆုံးပဲ
ရင်မှာ အသက်နဲ့အမျှ ရှင်သန်ဆဲ

ဆုံမှတ်တို့ လွဲချော်ခဲ့
မျှော်လင့်ချက်မဲ့နေခဲ့
ဘယ်ဘဝမှ တို့ပြန်ဆုံတွေ့ခွင့်ရှိနိုင်မလဲ အခုတော့
သူစိမ်းတစ်ယောက်ပါ

⭐ Rate These Lyrics

☆☆☆☆☆
Average: 0.0/5 • 0 ratings