Home 🎬 Bollywood 🎵 Pakistani 🎤 English Pop

Kate Par Lann Khwel

👤 Myo Gyi • 🎼 Live In Yangon Vol 2 • ⏱️ 4:41
🎵 2763 characters
⏱️ 4:41 duration
🆔 ID: 11600114

📜 Lyrics

တကယ်ဆို ဒီအခြေအနေကို ရောက်မှတော့လည်း
ပြန်ပြေလည်နိုင်စရာ အကြောင်းတို့ မရှိတော့ဘူးကွယ်
ဘယ်လို ငါ ယုံကြည်စွာ ချစ်ခဲ့လည်း
အားလုံးဟာ ဒီလိုအချိန်မှာ အလကားပါပဲ

မျှော်လင့်ချက် လုံးဝပျက်သုဉ်း သွားခဲ့တယ်
နောက်ဆုံးတော့ အိပ်မက်တစ်ခုလိုပဲ

လူဆိုတာ ဘယ်နေရာမဆို အတ္တနဲ့ပေါ့
မှန်မယ်ထင်တာတွေကို လုပ်တတ်ကြတော့
ငါတို့နှစ်ယောက် အတူနေတာတွေ ကြာမြင့်လေလေ
တဖြည်းဖြည်းနဲ့ မိုင်တွေထောင်ချီကာ
ဝေးကွာလေ ဝေးကွာလေ ဝေးကာနေရင်း

ဒီဘဝတော့ ဒီမျှနဲ့ ဇာတ်သိမ်း တစ်ခန်းရပ်ပြီ
ရုပ်ကြွင်းတစ်ခု အိပ်မက်တစ်ခုလိုနော်
ဝေး

ကတ္တီပါလမ်းခွဲ
ငါနဲ့ မင်းနဲ့ အပြီးသတ် နှုတ်ဆက်ချိန်
ကတ္တီပါလမ်းခွဲ
ဒါနောက်ဆုံးပဲ

ဒဏ်ရာတွေ လွန်ကုန်ပြီလေ ကုစားရင်းနဲ့
ဘယ်လိုမှ ရှေ့ဆက်ဖို့ရာ လမ်းများမရှိခဲ့
ဒီအချိန်မှာ တူညီနေတဲ့ သဘောထားက
အခုတော့ ငါတို့နှစ်ယောက်
ကျောခိုင်းဖို့ ဆုံးဖြတ်လို့ အဝေးဆုံးသို့

ဒီဘဝတော့ ဒီမျှနဲ့ ဇာတ်သိမ်း တစ်ခန်းရပ်ပြီ
ရုပ်ကြွင်းတစ်ခု အိပ်မက်တစ်ခုလိုနော်
ဝေး

ကတ္တီပါလမ်းခွဲ
ငါနဲ့ မင်းနဲ့ အပြီးသတ် နှုတ်ဆက်ချိန်
ကတ္တီပါလမ်းခွဲ
ဒါနောက်ဆုံးပဲ
ကတ္တီပါလမ်းခွဲ
ငါနဲ့ မင်းနဲ့ အပြီးသတ် အပြီိးသတ် နှုတ်ဆက်ချိန်
ကတ္တီပါလမ်းခွဲ
ဒါနောက်ဆုံးပဲ

⭐ Rate These Lyrics

☆☆☆☆☆
Average: 0.0/5 • 0 ratings