Home 🎬 Bollywood 🎵 Pakistani 🎤 English Pop

Ein a Lwan (Bonus Track)

👤 Drone • 🎼 Ta Nate Dawh • ⏱️ 4:29
🎵 1757 characters
⏱️ 4:29 duration
🆔 ID: 11603836

📜 Lyrics

နေဝင်ချိန် ငါအိမ်ကိုလွမ်းတယ်
စိမ်းလန်းတဲ့ တောင်တန်းများအကြားမှာ
တည်ငြိမ်တဲ့ တောင်ပေါ်က
အမေ့အိမ် သတိရတိုင်း
လွမ်းမျက်စိုခဲ့
လူဆိုတာ တစ်နေရာတည်းမှာ
မမြဲကြဘူးဆိုရိုးစကားအတိုင်းသာ
လေနှင်ရာ ငါပျံသန်းခဲ့တာ
အခုကြတော့ အိမ်နဲ့ဝေးပြီ

ငယ်ရွယ်ချိန် ပျော်ရွှင်ခဲ့ဖူးတယ်
ပြေးဆော့ခဲ့ မြေနီလမ်းလေးပေါ်
ဒီချိန်မှာ ငါပြန်လွမ်းမိတာ
ဝေးကြတဲ့သူငယ်ချင်းများစွာ
လူဆိုတာ ကိုယ်စီအိပ်မက်တွေ
ဖြစ်မြောက်ဖို့တည်ဆောက်ကြရတယ်
အဆင်ပြေရာ ကိုယ်စီရွက်လွင့်တာ
အခုကျတာ့ ငါတို့ဝေးပြီ

ပြန်လိုချင်နေမိ
ပျော်ရွှင်တဲ့မိသားစုကမ္ဘ္ဘာ
အရင်လို ပြန်တည်ဆောက်ရချင်တယ်
ဒီအချိန်မှာ တစ်နယ်စီဝေးကြလေတော့
ငါဆိုနေတဲ့သီချင်း
ဝေးကြတဲ့နေ့ရက်များအတွက်
ပြန်မဆုံခင် ဖြေသိမ့်စရာပါ

⭐ Rate These Lyrics

☆☆☆☆☆
Average: 0.0/5 • 0 ratings