Home 🎬 Bollywood 🎵 Pakistani 🎤 English Pop

Pann

👤 Adjustor • 🎼 Compoptable • ⏱️ 3:40
🎵 3853 characters
⏱️ 3:40 duration
🆔 ID: 11834103

📜 Lyrics

နွေးထွေးနေဆဲ မင်းအငွေ့အသက်များ
အရိပ်တစ်ခုအဖြစ် ကိုယ့်နားမှာ

ပျော်နေတဲ့ မင်းမျက်နှာ
ထာဝရ ပန်းခင်းထဲမှာ
ချိုသာတဲ့ မွှေးရနံ့များနဲ့ လန်းဆန်းစေဖို့ရာ

ကိုယ်အသက်လောက်ချစ်တဲ့ မင်းဘဝနစ်မွန်းမှာ
ကိုယ်ဘယ်လိုခူးရက်ပါ့မလည်း
ပန်းကလေးရယ်ပြောပါ
အတူရှိခဲ့ကြတဲ့နေ့ရက်များမှာ
အချစ်ကိုကိုးကွယ်ယုံစားကာ
ကိုယ့်နှလုံးသားနဲ့တည်ဆောက်ခဲ့
မင်းအတွက် ပန်းဥယျာဉ်လေးဟာ

ရူးသွပ်မှုသက်သက်ပါ
ပန်းကလေးရယ် နင်မေ့လိုက်ပါတော့
ငါဆိုတာမင်းရဲ့ဘဝမှာမရှိခဲ့သူလို့

ပန်းရနံ့မွှေးလေးရယ်
ရင်မှာလေ အစဉ်အမြဲ သိမ်းထားချင်ပါတယ်
သက်ဆုံးကွယ် တမ်းတလွမ်းဆွတ်မြဲ
ဒီပုံပြင်လေးထဲပန်းကလေးညှိုးလို့ သွားမှာ
ကိုယ်စိုးတယ်

နင်မရှိတဲ့ဘဝမှာအဆင်ပြေနိုင်ဖို့ရယ်
ဘယ်လောက်ခက်ခဲတယ်
ငါသိရဲ့သားနဲ့
အကြင်နာဆုံးနှလုံးသားကို စတေးခဲ့မယ်
ပန်းကလေးရယ် မငိုပါနဲ့ကွယ်

မင်းမက်မောတဲ့ အိမ်မက်တွေဟာ
ဘယ်လိုမှငါနဲ့ မသက်ဆိုင်တဲ့အခါ
သတ္တိမရှိတော့ပါ
မင်းလက်လေးကိုဆုပ်ကိုင်ထားဖို့ရာ
ထိုက်တန်တဲ့သူ ရှိလာတဲ့အခါ
ကြိတ်မှိတ်ပီး နင်မုန်းပစ်လိုက်ပါကွာ

နားလည်မှုတွေကြီးစွာနဲ့
မင်းကိုစွန့်လွှတ်လိုက်ပါတယ်
အားလုံးတစ်နေ့မှာ မင်းမေ့လို့သွားလိမ့်မယ်
အချစ်လေးရာ
သာသာယာယာနင်ပွင့်လန်းတိုင်းမှာ
ငါ့ရဲ့ကမ္ဘာပြီးပြည့်စုံမှာ

ပန်းရနံ့မွှေးလေးရယ်
ရင်မှာလေအစဉ်အမြဲ
သိမ်းထားချင်ပါတယ် သက်ဆုံးကွယ်
တမ်းတလွမ်းဆွတ်မြဲ ဒီပုံပြင်လေးထဲ
ပန်းကလေးညှိုးလို့ သွားမှာ ကိုယ်စိုးတယ်
နင်မရှိတဲ့ဘဝမှာ အဆင်ပြေနိုင်ဖို့ရယ်
ဘယ်လောက်ခက်ခဲတယ် ငါသိရဲ့သားနဲ့
အကြင်နာဆုံးနှလုံးသားကို စတေးခဲ့မယ်
ပန်းကလေးရယ် မငိုပါနဲ့ကွယ်

ပန်းရနံ့မွှေးလေးရယ်
ရင်ထဲမှာပဲ သိမ်းထားလိုက်တော့မယ်

⭐ Rate These Lyrics

☆☆☆☆☆
Average: 0.0/5 • 0 ratings