Home 🎬 Bollywood 🎵 Pakistani 🎤 English Pop

hnin pyout tae nway

👤 Floke Rose • 🎼 find your way out of the blue • ⏱️ 3:32
🎵 1955 characters
⏱️ 3:32 duration
🆔 ID: 12927115

📜 Lyrics

နှင်းပျောက်တဲ့နွေ
ပယင်းရောင် ယစ်ရွှေရည်ဝေ
မြစ်ကမ်းထက်က ထင်းရှူးပင်တွေ
နေခြည်အောက်မှာ စိုစိမ်းနေ။
နှင်းပျောက်တဲ့နွေ
ဆည်းဆာရိပ် မှိုင်းမှိုင်းထွေ
နီဆွေးဆွေး အဆင်းသဏ္ဌာန်မြေ
မဲ့မဲ့လေး ပြုံးပါ မေ။

မှောင်ရီကာဖုံးသော စားကျက်ကုန်းအောက်ဖက်မှာ
ပေတရာလမ်းမရှည်
ကဆုန်စိုင်းမြင်းများထက်မှာ
သပိတ်လွယ်ငှက်တွေလေ
မေ...။

နေလည်း
မိုးကုတ်စက်ဝိုင်းအောက်ကို ရောက်ပြီလေ
တောင်တမာအုပ်တွေ ညို့နေကြပြီ မေ။
ယူကလစ်တွေရှိတဲ့လမ်းအတိုင်း
တို့တတွေ ပြန်ပါစို့လေ။

မေရယ်
ဆောင်းမိုးနောက်ဆုံးကျခဲ့တုန်းက
ပွင့်တဲ့နှင်းဆီ အရိုးနဲ့ ဖူးတံ အရွက်ဝေဝေဟာ
မေ့ရဲ့ ပါးချိုင့်နှစ်ဖက်ဝဲတဲ့ ပါးနီနီပေါ်က
စိမ်းမြမြသွေးကြောလေးလိုပင်။

မေ့ရဲ့ အိပ်မက်တွေသိမ်းကာထားတဲ့
ကလောမြို့လေးကိုပြေး
ဆောင်းအကုန် နှင်းမှုန်ပျောက်မယ့်
ရက်ကိုကြိုပါလေ
နွေ။

⭐ Rate These Lyrics

☆☆☆☆☆
Average: 0.0/5 • 0 ratings