Home 🎬 Bollywood 🎵 Pakistani 🎤 English Pop

မြေနီလမ်း

👤 Bo Phyu 🎼 ပြည့်စုံပါစေ ⏱️ 4:33
🎵 2998 characters
⏱️ 4:33 duration
🆔 ID: 14899464

📜 Lyrics

အမြင်အာရုံတွေမှာ ကပ်ငြိတွယ်ဆဲပါ
ဟိုအရင်အချိန်တွေရယ် အတိတ်သစ်ပြန်ကာ
ခြေသံတစုံတရာရယ် မကြားမိပါလား
အိပ်မက်ဟောင်းလေးက နိုးခွင့်ပြုပါ

ဒီနေရာမှာ အရင်ကတွေ့နေကျပါ
မမြင်တာကြာပြီ အရင်နှစ်များစွာပါ
ရင်ခုန်သံတွေရယ် တဖြည်းဖြည်းမြန်လာ
မြေနီလမ်းကလေးကို မင်းသတိရပါ

အို မြေနီလမ်းက
အို အမြဲစောင့်နေတာ
အို ခြေသံလေးများ ပြန်ကြား အဝေးက

ဟိုမှာ အနီရောင်အိမ်အမိုးများရဲ့အထက်မှာ
ဒီလိုအချိန်တွေဆို တဖွဲဖွဲကြွေကျ
ချယ်ရီ ထင်းရူးနဲ့ တောတန်းတစ်နေရာ
တောင်ပေါ်လမ်းထဲမှာ နှင်းမကွဲသေးပါ

ဒီနေရာမှာ အရင်ကတွေ့နေကျပါ
မမြင်တာကြာပြီ အရင်နှစ်များစွာပါ
ရင်ခုန်သံတွေရယ် တဖြည်းဖြည်းမြန်လာ
မြေနီလမ်းကလေးကို မင်းသတိရပါ

အို မြေနီလမ်းက
အို အမြဲစောင့်နေတာ
အို ခြေသံလေးများ ပြန်ကြား အဝေးက

အမြင်အာရုံတွေမှာ ကပ်ငြိတွယ်ဆဲပါ
ဟိုအရင်အချိန်တွေရယ် အတိတ်သစ်ပြန်ကာ
ခြေသံတစုံတရာရယ် မကြားမိပါလား
အိပ်မက်ဟောင်းလေးက နိုးခွင့်ပြုပါ

ဒီနေရာမှာ အရင်ကတွေ့နေကျပါ
မမြင်တာကြာပြီ အရင်နှစ်များစွာပါ
ရင်ခုန်သံတွေရယ် တဖြည်းဖြည်းမြန်လာ
မြေနီလမ်းကလေးကို မင်းသတိရပါ

အို မြေနီလမ်းက
အို အမြဲစောင့်နေတာ
အို ခြေသံလေးများ ပြန်ကြား အဝေးက

အို မြေနီလမ်းက
အို အမြဲစောင့်နေတာ
အို ခြေသံလေးများ ပြန်ကြား အဝေးက

အို မြေနီလမ်းက
အို အမြဲစောင့်နေတာ

⭐ Rate These Lyrics

Average: 0.0/5 • 0 ratings