Home 🎬 Bollywood 🎵 Pakistani 🎤 English Pop

Floke Rose - More Life (Audio)

👤 Floke Rose • 🎼 Floke Rose Videos • ⏱️ 4:49
🎵 5915 characters
⏱️ 4:49 duration
🆔 ID: 17694217

📜 Lyrics

စီးပွားရေးသမားဖြစ်ချင်တယ်
အဆိုတော်ကြီးလည်းဖြစ်ချင်တယ်
ဘုန်းကြီးတစ်ပါးလည်းဖြစ်ချင်တယ်
ရာဇဝတ်သားလည်းဖြစ်ချင်တယ်
လူဆိုးဖမ်းတဲ့ ရဲကြီးလည်းငါဖြစ်ချင်တယ်
စည်ပင်မှာအလုပ်လုပ်တဲ့ အလုပ်သမားလေးဖြစ်ချင်တယ်
လှည်းကြီးကို ငါတွန်းချင်တယ် သစ်ရွက်ခြောက်တွေကောက်ချင်တယ်
ပုံမှန်ဝန်ထမ်းဘဝလေးလို ဘတ်စ်ကားစောင့်ချင်တယ်
လယ်သမားကြီးဖြစ်ချင်တယ်
နွားကျောင်းသားလေးဖြစ်ချင်တယ်
နွေလေပူရဲ့အဝေ့မှာ သစ်ပင်ကြီးရဲ့အောက်
စွပ်ကျယ်လေးနဲ့အေးအေးဆေးဆေး အိပ်ချင်တယ်
ရွှေလင်ဗန်းနဲ့ အချင်းဆေးပြီးမွေးချင်တယ်
လိုတရဘဝမျိုးနဲ့တွေ့ချင်တယ်
တောင်ကုန်းပေါ်က အိမ်ကလေးမှာနေချင်တယ်
လူမသိ သူမသိနဲ့ သေချင်တယ်

I need more life
More life
More life
More life
ဒီဘဝတစ်ခုနဲ့ ငါ့မှာပြည့်စုံမလုံလောက်ဘဲ
လူ့လောကကြီးရဲ့အလယ်

I need more life
More life
More life
More life
အသက်တို့က ရှူမဝပါ
ခုန်နေဆဲ ငါ့နှလုံးသား

သမ္မတကြီးလည်းဖြစ်ချင်တယ်
ဆိုက်ကားသမားလည်းဖြစ်ချင်တယ်
ကန္တာရလိုနေရာမျိုးမှာ နောင်လာနောင်သားများအတွက်
သစ်ပင်စိုက်တဲ့ လူတစ်ယောက်ဖြစ်ချင်တယ်
သူတောင်းစားများလိုမျိုး ငါဟာ ဂုံးတံတားအောက်မှာပျော်မယ်
ဆင်းရဲချို့တဲ့မှုရဲ့ကြားမှာ လွတ်လပ်မှုဟာ အဖော်ပဲ
ကျူးကျော်တဲလေးတွေကြားထဲမှာနေချင်တယ်
မီးရထားသံလမ်းထက်မှာဆော့ချင်တယ်
နိုင်ငံခြားမှာကျောင်းတက် ဘွဲ့တွေရ
Style Pant နဲ့ ရှုးဖိနပ်ပဲ ဝတ်ချင်တယ်
မချစ်တတ်တဲ့ လူတစ်ယောက်ဖြစ်ချင်တယ်
ငြိမ်းချမ်းတဲ့ လူတစ်ယောက်ဖြစ်ချင်တယ်
အားလုံးကိုပေါ့ပေါ့လေးသဘောထားပြီး
ဘာမှ မတွေးတတ်တဲ့လူတစ်ယောက်ဖြစ်ချင်တယ်

I need more life
More life
More life
More life
ဒီဘဝတစ်ခုနဲ့ ငါ့မှာပြည့်စုံမလုံလောက်ဘဲ
လူ့လောကကြီးရဲ့အလယ်

I need more life
More life
More life
More life
အသက်တို့က ရှူမဝပါ
ခုန်နေဆဲ ငါ့နှလုံးသား

ခရိုနီကြီးလည်းဖြစ်ချင်တယ်
စားပွဲထိုးလေးဖြစ်ချင်တယ်
မီးသတ်သမားကြီးဖြစ်ချင်တယ်
ကျောင်းဆရာလေးလည်းဖြစ်ချင်တယ်
အမျိုးကောင်းသားတွေမွေးထုတ်ပေးတဲ့ မိန်းမတစ်ယောက်ဖြစ်ချင်တယ်
မြန်မာပြည်မှာအနှိမ်ခံရတဲ့ LGBT ဖြစ်ချင်တယ်
Scientist လည်းဖြစ်ချင်တယ်
Mr.Bean လည်းဖြစ်ချင်တယ်
ဘုရားသခင်လည်းဖြစ်ချင်တယ်
လူအမျိုးမျိုး ဘဝအထွေထွေဆိုတာကို ငါခံစားချင်တာ
ဘဝတစ်ခုဆုံးပြီးတိုင်း အသစ်တစ်ခုကို ပြန်စချင်တာ
တခါတလေကြ လောကကြီးမှာ အရိုးသားဆုံးဖြစ်ပြီးတော့
တခါတလေမှာ အကောက်ကျစ်ဆုံး ယုတ်မာပြီး ညဏ်များချင်တာ
ထာဝရဆိုတာ အတိအကျမတွေ့
ဘယ်အချိန်သေမယ်မှန်း မသိရသရွေ့
ကမ္ဘာကြီးကို ငါကြည့်မဝသေး
မသေဆေးတွေပေါ်တဲ့နေ့မှာ လူသားတစ်ယောက်အဖြစ်ရှိပါရစေ

I need more life
More life
More life
More life
ဒီဘဝတစ်ခုနဲ့ ငါ့မှာပြည့်စုံမလုံလောက်ဘဲ
လူ့လောကကြီးရဲ့အလယ်
I need more life
More life
More life
More life
အသက်တို့က ရှူမဝပါ
ခုန်နေဆဲ ငါ့နှလုံးသား

⭐ Rate These Lyrics

☆☆☆☆☆
Average: 0.0/5 • 0 ratings