Home 🎬 Bollywood 🎵 Pakistani 🎤 English Pop

Goodbye

👤 Adjustor • 🎼 Goodbye • ⏱️ 3:13
🎵 3757 characters
⏱️ 3:13 duration
🆔 ID: 22142044

📜 Lyrics

လွယ်လွယ်ကူကူလေးမေ့ပစ်လို့ရမလား
မင်းဒီစကားကိုနောက်တစ်ခါပြောရင်
နားထောင်ဖို့ခွန်အားမရှိလို့ပါ
နင်ဆိုတဲ့ခံစားချက်နဲ့ ငါအသက်ဆက်ခဲ့ရတော့လည်း
ရူးမလိုစိတ်ထိခိုက်ငါကြေကွဲပဲ့ကြွေကျခဲ့
ရစ်ပတ်ထားတဲ့တို့နှောင်ကြိုးတွေ
ပြတ်တဲ့အချိန်ရောက်ပြီ
ကူရာမဲ့နေပါတယ် တိတ်တခိုးငိုနေဆဲ
ဘယ်လိုဆက်လုပ်ရမယ်
ကန်ရေပြင်တွေပေါ်မှာပြန့်ကျဲသွားတဲ့အလွမ်းတွေ
မင်းကိုဆုံးရှုံးရမယ်လို့အိပ်မက်တောင်မမက်ခဲ့
အချစ်ကြီးသူသာရှုံးရစမြဲပဲ
ရှေ့ဆက်ကြဖို့ခက်တာသိပေမယ့်
မင်းအနားပဲရှိချင်တဲ့မျှော်လင့်ချက်တွေနဲ့
အခြေအနေတွေပိုဆိုးအောင်အမှားတွေလွန်ခဲ့
မင်းလည်းပဲသိပ်ချစ်တာသိသားနဲ့
လက်မလျှော့ချင်ပါဘူးကွယ်
မာနတွေတို့နှစ်ယောက်ကြားမှာ
မရှိရင်သိပ်ကောင်းမယ်
Let's Say Goodbye Baby This Time
တို့တွေတစ်သက်စာဝေးလို့နေလိုက်
နောက်ဆုံးသောစကားမျက်ရည်တွေကြား
အနာဂတ်ဆီကျောခိုင်းပြီးဆက်လျှောက်သွား
တစ်ချိန်ချိန်မှာမင်းသိလိမ့်မယ် ဒီလိုအခက်အခဲဟာ
သတ္တိရှိရင်တို့နှစ်ယောက်ဖြတ်ကျော်နိုင်အုံးမှာ
ဖွင့်ဟပြောဖို့သိပ်ခက်နေတယ် ငါ့ဘက်ကနေကျလည်း
မင်းသိခဲ့ရင်ခွင့်လွှတ်ပေးမှာပါ
အိပ်မရတဲ့ညများစွာထဲ နင်ဘယ်လိုနေမယ် ငါစိတ်ပူတယ်
မင်းအနာဂတ်မှာငါ့ပုံရိပ်ကိုမေ့သွားရင်ကောင်းမယ်
နာကျင်မှုကိုယ်စီနဲ့ဝေးကွာ အဆင်ပြေတဲ့သူနင်တွေ့သွားမှာ
ကြည်နူးစရာတို့ရဲ့ကတိတွေဟာ အတိတ်မှာအိပ်မောကျ
Let's Say Goodbye Baby This Time
တို့တွေတစ်သက်စာဝေးလို့နေလိုက်
နောက်ဆုံးသောစကားမျက်ရည်တွေကြား
အနာဂတ်ဆီကျောခိုင်းပြီးဆက်လျှောက်သွား
Let's Say Goodbye Baby This Time
တို့တွေတစ်သက်စာဝေးလို့နေလိုက်
နောက်ဆုံးသောစကားမျက်ရည်တွေကြား
အနာဂတ်ဆီကျောခိုင်းပြီးဆက်လျှောက်သွား

⭐ Rate These Lyrics

☆☆☆☆☆
Average: 0.0/5 • 0 ratings