Home 🎬 Bollywood 🎵 Pakistani 🎤 English Pop

Radio

👤 G Fatt • 🎼 Radio • ⏱️ 5:25
🎵 7665 characters
⏱️ 5:25 duration
🆔 ID: 23284243

📜 Lyrics

ဟိုတုန်းကလို... အရင်တုန်းကလို...
မျှော်လင့်ဆဲပါကွာ တစ်ယောက်တည်း...
အိမ်မက် မက်တယ် မနေ့တုန်းကဆို..
အရင်တိုင်းပဲ သူဟာ ပြန်လာသတဲ့..
မိုးလင်းကမိုးချုပ် မင်းစိတ်နဲ့...
ဖျောက်ဖျက်ရခက်တဲ့ ဒီအစွန်းတွေ..
မပြေလည်နိုင်ပါ နေ့တိုင်းညစ်နေတယ်..
(နေ့တိုင်းညစ်နေတယ်)yeah x yeah
မိုးလင်းကမိုးချုပ် မင်းစိတ်နဲ့...
ဖျောက်ဖျက်ရခက်တဲ့ ဒီအစွန်းတွေ..
မပြေလည်နိုင်တော့ဘူး...
မိန်းက​လေး.
...ငါမ​ပြေလည်နိုင်​တော့ဘူး......
​မြောက်အရပ်က ငှက်​တွေ ​
ယောက်ယှက်ထခက်နေပြီဆို ​
သေချာတယ် မိုးမဲ​​တွေ တရိပ်ရိပ်လာ​နေ​​ရော့မယ်
​သောက်လက်စခွက်က​လေး နဲ့ ​အနောက်ဘက်က
ည​နေကို​​ငေးရင်း ​တောင်​ပေါ် အိမ်​လေး
သိမ့်သိမ့်ခါ​နေ​​ပေါ့ကွယ်
တိမ်​တွေကအခန်းထဲထိ ဝင်လာတာချမ်းခဲ့မိ
အိမ်အပြင်မှာ သစ်သား​ချောင်း​လေး​​တွေ
ထင်းမွှေးရန်မရှိခဲ့
​လေ​တွေက ကြမ်းတယ် ​ဒီစောင်ခြုံကာ လွမ်းခဲ့
ဒီလူကိုယ်စား ခဏလာမင်းလေးခံ ကြည့်လှည့်
အ​ရှေ့ဘက်​တောင်တန်းကြီး အထက်မှာ
မြင်း​လေး ပြန်စီးမယ်
ဒို့၂​ယောက် ရန်ဖြစ်ခဲ့ဖူးတဲ့
အင်း​လေးကန်ကြီးအလယ်
တစ်​နေ့​တော့ အခုလိုလွမ်းတဲ့အ​ကြောင်း​တွေ
မင်း​လေး ပြန်သိမယ်
ဒီ​နေ့​တော့ အခုလိုလွမ်းတဲ့အ​ကြောင်း​ငါသီချင်း​လေး ပြန်ဖန်တီးခဲ့...
ဟိုတုန်းကလို... အရင်တုန်းကလို...
မျှော်လင့်ဆဲပါကွာ တစ်ယောက်တည်း...
အိမ်မက် မက်တယ် မနေ့တုန်းကဆို..
အရင်တိုင်းပဲ သူ ပြန်လာသတဲ့..
မိုးလင်းကမိုးချုပ် မင်းစိတ်နဲ့...
ဖျောက်ဖျက်ရခက်တဲ့ ဒီအစွန်းတွေ..
မပြေလည်နိုင်ပါ နေ့တိုင်းညစ်နေတယ်..
(နေ့တိုင်းညစ်နေတယ်)yeah x yeah
မိုးလင်းကမိုးချုပ် မင်းစိတ်နဲ့...
ဖျောက်ဖျက်ရခက်တဲ့ ဒီအစွန်းတွေ..
မပြေလည်နိုင်တော့ဘူး...
စဉ်းစားရခက်နေတယ်
O...မင်းထားသွားရက်လေတယ်
မိုးချုပ်တော့မယ့်ညနေဝယ်..
အဆိုးဆုံးကတော့ ငါတစ်ယောက်ထဲ...
တိတ်ဆိတ်တဲ့ညနေရယ်..
ငေး..ကြည့်ရတဲ့ကျောပြင်ရယ်..
ဝမ်းမနည်းကြတဲ့ပန်းတွေရယ်..
အဆိုးဆုံးကတော့ငါတစ်ယောက်ထဲ...
ပင့်ကူအိမ်များလို ရစ်နှောင်တွယ်ပြီးမှ...
နင်ဖျက်ဆီးခဲ့ ငါ့ဘဝအား....
ဝတ်မှုန်ကုန်သွားချိန် မင်းပြန်ထွက်သွားသလား...
လှည်ပြန်မကြည့်တဲ့ ပန်းပွင့်များ....
ဝရံတာမှာ ပက်လက်လဲ
ကြယ်​တွေကိုတွက်ချက်ခဲ့တယ်
မိုးလင်း​ပေါက်အထိပဲ
ဒီခန္ဓာကိုယ် ပတ်ပတ်လည်
တုန်ခါ​နေ တစ်ဆတ်ဆတ် နဲ့
ဆံနွယ်​တွေဟာ ညင်သာလွန်းတယ်
နတ်ဖွက်တဲ့အလင်း​​တွေမလာခင် အချစ်ရယ်​
​မောင့် jacket ထဲမှာဝင်​နေစမ်းကွယ်
(မရပ်မနားငါ ခရီးနှင်ခဲ့တယ် ရထားသဖွယ်
ရွာသား​တွေနိုးကုန်ကြရင်ခက်သားရယ် ) × 2
ဒီ​တောင်ကုန်း​ပေါ် မြူ​တွေဖုံးရင်
နှင်းစက်များရွှဲပြီး လေ​တွေတိုးရင် ​
ရေမချိုးချင်တဲ့​ကောင်မ​လေးအ​ကြောင်း
သီချင်းစပ်ထားတယ်
ကိုယ်ကမချစ်တတ်​လောက်ဘူးဆိုပြီး
သစ်ရွက်​ခြောက်​တွေလို လွှင့်ထွက်မသွားနဲ့
မင်းက လမ်းခွဲဖို့​ပြောတိုင်း
အခန်းထဲက မီးသီး​လေးလို
ကိုယ့်မှာ အလင်းဓါတ်အားနည်း
ဒီလူကိုထားပြီးမင်းက ​ရွှေပြည်ကို ​ပြေးခဲ့ ​
တောင်​ပေါ်ရွာ​လေးရဲ့နံဘေးမှာ​စေတီအို​လေးနဲ့
မိုးလင်းမိုးချုပ်ဆု​​တောင်းတယ်
အဆင်းလမ်း​လေးအတိုင်းပြန်ခဲ့ကွယ်
ကိုယ်သိပ်ချစ်ရတဲ့​ ​ရေဒီယို​လေးရယ်.....
ဟိုတုန်းကလို... အရင်တုန်းကလို...
မျှော်လင့်ဆဲပါကွာ တစ်ယောက်တည်း...
အိမ်မက် မက်တယ် မနေ့တုန်းကဆို..
အရင်တိုင်းပဲ သူဟာ ပြန်လာသတဲ့..
မိုးလင်းကမိုးချုပ် မင်းစိတ်နဲ့...
ဖျောက်ဖျက်ရခက်တဲ့ ဒီအစွန်းတွေ..
မပြေလည်နိုင်ပါ နေ့တိုင်းညစ်နေတယ်..
(နေ့တိုင်းညစ်နေတယ်)yeah x yeah
မိုးလင်းကမိုးချုပ် မင်းစိတ်နဲ့...
ဖျောက်ဖျက်ရခက်တဲ့ ဒီအစွန်းတွေ..
မပြေလည်နိုင်တော့ဘူး...

⭐ Rate These Lyrics

☆☆☆☆☆
Average: 0.0/5 • 0 ratings