Home 🎬 Bollywood 🎵 Pakistani 🎤 English Pop

Gabar Myay Tha Chin (feat. Myo Kyawt Myaing, Alex., Han Tun, Ko Aung, R Zar Ni, Phyo Gyi, Tha O, Aung Htet, Phyo Pyae Sone, Nay Wi

👤 Sai Sai Kham Leng • 🎼 Gabar Myay Tha Chin (feat. Myo Kyawt Myaing, Alex., Han Tun, Ko Aung, R Zar Ni, Phyo Gyi, Tha O, Aung Htet, Phyo Pyae Sone, Nay Wi • ⏱️ 5:38
🎵 8228 characters
⏱️ 5:38 duration
🆔 ID: 24034364

📜 Lyrics

ဘဝမှာ စိတ်ဓာတ်တွေ ပြိုလဲကျလောက်အောင်
ထိုးနှက်ချက်တွေ ပြင်းထန်လာတဲ့အခါ
အတူတူ အားတင်းရင်ဆိုင် ဖြေရှင်းကြဖို့ပေါ့
ဒဏ်ရာတွေရယ်အထပ်ထပ်နဲ့ ငါ့နှလုံးသားထဲမယ်
အမာရွတ်ဟောင်းများနဲ့သာ ဆို့နစ်ကြေကွဲ
စိတ်ဓာတ်မကျပါနဲ့ အိုး ငါ့ရဲ့လက်ကိုတွဲ
အိမ်မက်ဆိုးကနိုးရင် မနက်ခင်းအလင်းတွေရှိမယ်
နံရံတွေရယ်အထပ်ထပ်လည်း ပြိုလဲကျခဲ့တယ်
ဒီမှာငါ့ရဲ့ ဘဝရယ် အကုန်ပိန်းပိတ်မှောင်မဲ
ဘာမှအားမငယ်နဲ့ အိုး ရှေ့ဆက်လိုက်ပါကလေးရယ်
မင်းရဲ့မျက်ရည်သုတ်လိုက် မျှော်လင့်ချက်တွေရှိတယ်
အနာဂတ်နေ့​တွေအတွက် နင် အားမလျှော့လိုက်ပါနဲ့
မင်းရဲ့ဒုက္ခဟာ ငါ့ရဲ့ဒုက္ခပဲ
ဒီကမ္ဘာမြေအတွက် သီချင်းသံများရှိမယ်
ဒီကမ္ဘာမြေအတွက် မေတ္တာတရားရှိမယ်
ဒီကမ္ဘာမြေပြင်လှပဖို့ လက်တွဲလိုက်ကြမယ်
ငါလေအားတင်းထားတယ်
မင်းအားတင်းထား သူငယ်ချင်းရယ်
နေရောင်ခြည်ရယ် ပန်းများပွင့်တဲ့ လောကကြီးထဲ
လေမုန်တိုင်းများခက်ထန် ခြိမ်းခြောက်နေတယ်
နောက်မဆုတ်လိုက်ပါနဲ့ အိုး စိတ်ဓာတ်နဲ့ကုစားမယ်
တချိန်မှာကြေကွဲသမျှတွေအားလုံး
တဖြည်းဖြည်းပျောက်ကွယ်သွားမယ်
အနာဂတ်နေ့​တွေအတွက် နင် အားမလျှော့လိုက်ပါနဲ့
ဘယ်လိုအခက်ခဲလမ်းတွေကြမ်းလဲ
ရဲရင့်ဖြတ်ကျော်သွားမယ်
ဒီကမ္ဘာမြေအတွက် သီချင်းသံများရှိမယ်
ဒီကမ္ဘာမြေအတွက် မေတ္တာတရားရှိမယ်
ဒီကမ္ဘာမြေပြင်လှပဖို့ လက်တွဲလိုက်ကြမယ်
ငါလေအားတင်းထားတယ်
မင်းအားတင်းထား သူငယ်ချင်းရယ်
ကမ္ဘာမြေမှာအလိုအပ်ဆုံးက မေတ္တာတရားနဲ့ ဥာဏ်ပညာ
လူမှန်ရင်အမှားတွေမကင်းနိုင်ဘူး အပြစ်အနာအဆာ ပြန်ပြင်ပါ
တစ်ခါလဲရင် နှစ်ခါပြန်ထမယ် ညပြီးရင်နေ့ပေါ့ သဘာဝပဲ
လောကဓံက စိန်ခေါ်ရန်စလည်း စိတ်ဓာတ်နဲ့ရင်ဆိုင်ပြန်ချမယ်
သဘာဝကပြစ်ဒဏ်ချလိုက်တယ် လူသားတွေရဲ့ အသက်တွေကိုမငဲ့
အရာတိုင်းကမမြဲ တချိန်ကဝေခဲ့ဖူးတဲ့ ရွက်ကြွေလိုပဲ
ဘဝဆိုတာ အနိမ့်နဲ့အမြင့် တလှည့်စီရဟတ်တွေလိုလည်တယ်
လာပါလက်တွေကိုတွဲ မင်းငိုတော့ငါလည်း မျက်ရည်ပိုဝဲ
နောက်အနှစ်တစ်ရာမှာ ဘယ်လိုမျိုး ကံဆိုးစရာတွေ ထပ်ကြုံရမလဲ
ဘဝကြီးက သက်လုံအားနည်း တဒင်္ဂတော့ အခက်ကြုံရမယ်
အမှောင်ပြီးရင်ရောင်နီလာတယ် ယုံကြည်ချက်တွေ မပျက်ကုန်ကြနဲ့
တစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီ လိုနေတာက လက်တစ်စုံအားပဲ
ဒီကမ္ဘာကြီးပေါ်မှာပဲ ငါတို့နေထိုင်တယ်အတူတူ
ဒီကမ္ဘာကြီးပေါ်မှာပဲ ငါတို့ဒုက္ခတွေအတူတူ
ဒီကမ္ဘာကြီးပေါ်မှာပဲ ငါတို့လဲကျလည်းအတူတူ
ဒီကမ္ဘာကြီးပေါ်မှာပဲ ငါတို့ပြန်ထမယ်အတူတူ
ယုံကြည်မှုတော့မပျောက်ကွယ်နဲ့ ယုံကြည်မှုတော့မပျောက်ကွယ်နဲ့
မျှော်လင့်ခြင်းနဲ့ အသက်ရှင်မယ် မျှော်လင့်ခြင်းနဲ့ အသက်ရှင်မယ်
အတူလက်တွဲလို့ဖေးကူမယ် အတူလက်တွဲလို့ဖေးကူမယ်
ကမ္ဘာမြေကြီးအတွက်အချစ်များနဲ့ ကမ္ဘာကြီးအတွက်အချစ်များနဲ့
ဒီကမ္ဘာမြေအတွက် သီချင်းသံများရှိမယ်
(အိုး.. သီချင်းသံများရှိမယ်)
ဒီကမ္ဘာမြေအတွက် မေတ္တာတရားရှိမယ်
(အိုး.. မေတ္တာတရားတွေနဲ့)
ဒီကမ္ဘာမြေပြင်လှပဖို့ လက်တွဲလိုက်ကြမယ်
ငါလေအားတင်းထားတယ်
မင်းအားတင်းထား သူငယ်ချင်းရယ်
(အားတင်းပါတော့)
ဒီကမ္ဘာမြေအတွက် သီချင်းသံများရှိမယ်
(သီချင်းသံလေးတွေအားလုံးအတွက်)
ဒီကမ္ဘာမြေအတွက် မေတ္တာတရားရှိမယ်
(မေတ္တာတရားတွေအားလုံးအတွက်)
ဒီကမ္ဘာမြေပြင်လှပဖို့ လက်တွဲလိုက်ကြမယ်
(လက်တွဲထားလိုက်ကြမယ်)
ငါလေအားတင်းထားတယ်
မင်းအားတင်းထား သူငယ်ချင်းရယ်
(မင်း အားတင်းကာထား​.. )
ဒီကမ္ဘာမြေအတွက် သီချင်းသံများရှိမယ်
(သီချင်းသံလေးတွေရှိနေမယ်)
ဒီကမ္ဘာမြေအတွက် မေတ္တာတရားရှိမယ်
ဒီလောကကြီးအတွက် မနက်ဖြန်များကိုမျှော်လင့်ရင်း
ဟိုရှေ့မှာစောင့်ကြိုနေတဲ့ မေတ္တာတရားနဲ့ပျော်ရွှင်ခြင်း
ခံစားချက်တွေမျှဝေ လက်တွဲကြစို့သူငယ်ချင်း
အားလုံးအတူဆိုလိုက်ကြမယ်
ကမ္ဘာမြေအတွက်သီချင်း

⭐ Rate These Lyrics

☆☆☆☆☆
Average: 0.0/5 • 0 ratings