Home 🎬 Bollywood 🎵 Pakistani 🎤 English Pop

Kyal Ka Lay Yae Pone Pyin

👤 Hlwan Paing Bobby Soxer • 🎼 21 • ⏱️ 4:03
🎵 5173 characters
⏱️ 4:03 duration
🆔 ID: 8346406

📜 Lyrics

အားလုံးပြီးဆုံးသွားပြီလား
အားလုံးတစ်ခန်းရပ်သွားပြီလား
နင်လှည့်စားခဲ့တယ် ငါမဆိုချင်ဘူးကွာ
မင်းအတွက် ငါ့အချစ် ငါ့မာန
အားလုံးပေးဆပ်ထားတာ မင်းသိလား
နင်ကစားဖို့သက်သက်ဆို
မလာပါနဲ့ကွာ
ပေးဆပ်အချစ်နဲ့ချစ်ခဲ့တာ
ငါဟာ.ရယူခြင်းကအချစ်မှမဟုတ်ပဲကွာ
နင်တခြားတယောက်ရင်ခွင်မှာ
ပျော်နေရဲ့လား
မင်းမုန်းသွားလည်း
မမုန်းနိုင်ပါ
ငါ့ရင်ကွဲအက်လို့
စုတ်ပြတ်ကာကြေမွပါ
ဒီသီချင်းလေးဆိုမယ်
ကြယ်ကလေး
မင်းအမြင့်ကိုပျံသန်းသွားလိုက်ပါ
ဒီမြေကြီးကလူဟာ
နင့်ခိုနားဖို့နေရာ
မလောက်ငတာသိလိုက်ပြီကွာ
ကြယ်ကလေး
မင်းအမြင့်ကိုရောက်သွားတဲ့အခိုက်မှာ
လူတွေအားပေးမှာ
လက်ခုပ်တီးကြမှာပါ
အတွေးထဲငါ့အတွက်နင်လျော့လိုက်ပါ
ဟိုး...
တခါတလေမှာ
ကိုယ်ချစ်ရတဲ့သူတယောက်ကို
ဆုံးရှုံးရမှာကြောက်တဲ့စိတ်နဲ့
ကပ်တွယ်နေခဲ့ဖူးပါတယ်
ဒါပေမဲ့.နင်က
ငါ့ထက်သာတဲ့ချစ်သူတယောက်ကို
ပိုင်ဆိုင်ဖို့ထိုက်တန်တဲ့သူပါ
ဟုတ်ပါတယ်
ငါကအရာရာမှာနိမ့်ကျတဲ့သူ
ဝေးရမှာကြောက်တဲ့စိတ်တခုနဲ့
နင့်လက်ကိုဆွဲထားတဲ့သူ
ငါမတရားခဲ့ဘူးဆိုတာကိုသိလည်း
နင့်ကိုစွန့်လွှတ်မသွားရက်ဘူး
ဘာမှနားမလည်ဘူးဆိုပြီး
နွံထဲဆွဲချတဲ့သူ
အမြဲတမ်းရန်တွေပဲဖြစ်ခဲ့
အမြဲတမ်းပြသနာတွေနဲ့ပဲ
အမြဲတမ်းသဘောထားခြင်းကွဲလွဲ
အမြဲတမ်းစိတ်ဒဏ်ရာချည်းပဲ
ငါနင့်ကိုပေးခဲ့
စုံလုံးကန်းအတွေးနဲ့
ဒါတွေကြောင့်ငါကနင်နဲ့
မထိုက်တန်ဘူးဆိုတာကို
ပိုပြီးသိလာစေတယ်
ရုပ်ရည် ဥစ္စဓန
နောက်ပြီးတော့ အောင်မြင်မှု
ငါကနင်ရသင့်တဲ့စံနှုန်းတွေနဲ့
တခုမှဘောင်မဝင်ဘူး
နောက်ထပ်
ပတ်ဝန်းကျင်ကဝိုင်းလက်ညှိုးထိုးပြီး
လှောင်ချင်သူ
ဒီလိုသနားစရာကောင်းတဲ့လူတယောက်လို
ရူးချင်ယောင်မဆောင်ချင်ဘူး
မခေါ်ပါနဲ့
ငါနင်နဲ့ဘယ်သင့်တော်ပါ့မလဲ
မပျော်ရလည်း
တော်ရာမှာနေပြီး
ငါနေပျော်ပါ့မယ်
ငွေသော်တာနဲ့ကောင်းကင်ကို
စကားပြောဖို့အဖော်ခေါ်ထားတယ်
ဟိုးအမြင့်ကြီးမှာရှိတဲ့နင့်ကိုကြည့်ပြီး
ငါပျော်ပါတယ်
ကြယ်ကလေး
မင်းအမြင့်ကိုပျံသန်းသွားလိုက်ပါ
ဒီမြေကြီးကလူဟာ
မင်းခိုနားဖို့နေရာ
မလောက်ငတာသိလိုက်ပြီကွာ
ကြယ်ကလေး
မင်းအမြင့်ကိုရောက်သွားတဲ့အခိုက်မှာ
လူတွေအားပေးမှာပါ
လက်ခုပ်တီးကြမှာပါ
အတွေးထဲင့ါအတွက်နင်လျော့လိုက်ပါ
ဟိုး...
အတွေးထဲငါ့အတွက်နင်လျော့လိုက်ပါ
ဟိုး...
အားလုံးပြီးဆုံးသွားပြီလား
အားလုံးတခန်းရပ်သွားပြီလား

⭐ Rate These Lyrics

☆☆☆☆☆
Average: 0.0/5 • 0 ratings