Home 🎬 Bollywood 🎵 Pakistani 🎤 English Pop

Lon

👤 Adjustor & VLENK • 🎼 Lon • ⏱️ 5:04
🎵 5001 characters
⏱️ 5:04 duration
🆔 ID: 8563252

📜 Lyrics

ရင်ခုန်သံလှုပ်နှိုးတတ်တဲ့
မင်းစကားသံလေးကို

ကိုယ်ဟာ တရားဓမ္မထက်
အလေးအမြတ်ပြုလို့

တကယ်ကို မရင်းနှီးသေးတဲ့
တေးသွားငယ်တစ်ပုဒ်ကို
သန်းခေါင်ယံ စည်းချက်တို့နဲ့မှ လိုက်ကမိသလို

အသားမကျသေးတဲ့ အကြောင်းတွေ
သက္ကရာဇ်တို့ အိုဟောင်းနေ

လေးလေးနက်နက်တွေးကြည့်
မင်း ပြောင်းလဲသွားခဲ့တဲ့ နေ့ကစလို့
ငါ့ရဲ့ဘဝက စုတ်ပြတ်သွားပြီ ဟေ့

တကယ် ပျော့ညံ့တဲ့သူပါ
ရင်ဘတ် လည်ဆွဲထဲက
မင်းဓါတ်ပုံလေး အသိပါ

မင်းနားရှိခဲ့အခိုက်တန့်က တိုတိုလေးလား
လွမ်းရတဲ့ ရက်တို့က ကုဋေကုဋာ

နေ့တိုင်းပေါ့ အားတင်းထားတယ် သိလား
ပြန်လည်ပြီး ငါ့ဘက်ကို မင်း ငဲ့ကြည့်မလား

လွှတ်ချပစ်လိုက်ချင် ရဲ့
ပူလောင် မွန်းကြပ်မှုတွေနဲ့
ငါ့မှာတော့ဖြင့် ချစ်လိုက်ရတာ
လွန်လွန်းတယ် ဟူး

မက်မောခဲ့ မုသားလေးတွေနဲ့
အတိတ်မှာ သောကအမောတွေပျောက်ကွယ်
ဘယ်သူမှမတားနဲ့တော့ ငိုမယ်
ကျေနပ်တော့ ချစ်တဲ့သူရယ်
အလုံးစုံနှင်းအပ်ခဲ့ မင်းရဲ့လက်မှာ
နှလုံးသား အတွင်းဘက်ထိလင်းလက်
မျှော်လင့်ချက်လေးများ
အားနည်းသွားပြီကွယ်

စွန့်လွှတ်ဖို့ ငါဆုံးဖြတ်လဲ
ဆောင်းအငွေ့အသက်တွေနဲ့
ဆုံမိလေတိုင်းမှာ အလွမ်းတောင်တန်းပေါ်
လွင့်ပျံဆဲပါ မင်းခေါ်သံလေးရာ

ပန်းဘုရင်မလေးအမျက်တော်ရှ
အဲ့ဒီနေ့တွေမှတ်မိ (ဓာတ်သိ)
မင်းထပ်ချစ်ရမယ့်သူ ထက်မရှိ ခက်ပြီလေ
တို့မဆုံနိုင်တော့ပြီအသိနဲ့
ရင်းနှီးခဲ့ လေတဲ့ နေရာတွေတိုင်း
ကျောခိုင်းလှည့်ထွက်

မမြင်အောင်ရှောင်လို့ ပုန်းပါ့မယ်
အကြင်နာ နှောင်ကြိုးလေးတစ်မျှင်နဲ့
လွန်လွန်ကြူးကြူး တွယ်တာမိတယ်
ဒီတမိုးအောက်မှာ မင်းတစ်ယောက် တည်း

လွှတ်ချပစ်လိုက်ချင်ရဲ့
ပူလောင်မွန်းကြပ်မှုတွေနဲ့
ငါ့မှာတော့ဖြင့် ချစ်လိုက်ရတာ
လွန်လွန်းတယ် ဟူး

မက်မောခဲ့ မုသားလေးတွေနဲ့
အတိတ်မှာ သောကအမောတွေ ပျောက်ကွယ်
ဘယ်သူမှ မတားနဲ့တော့ ငိုမယ်
ကျေနပ်တော့ ချစ်တဲ့သူရယ်
ဟိုး

ဟိုး

ဒီဘဝ ဒီမျှတဲ့လား
နင်မှီချနေကြ ရင်ခွင်လေးမှာ
ကာရံမဲ့ သီချင်းတစ်ပုဒ်လို
မှင်ရည်ကြဲနေခဲ့တာလား
မှုန်ဝါးသွားတဲ့ ဖူးစာမျိုး... ဟိုး
ဟိုး

လွှတ်ချပစ်လိုက်ချင်ရဲ့
ပူလောင်မွန်းကြပ်မှုတွေနဲ့
ငါ့မှာတော့ဖြင့် ချစ်လိုက်ရတာ လွန်လွန်းတယ်
မက်မောခဲ့ မုသားလေးတွေနဲ့
အတိတ်မှာ သောကအမောတွေ ပျောက်ကွယ်
ဘယ်သူမှမတားနဲ့တော့ ငိုမယ်
ကျေနပ်တော့ ချစ်တဲ့သူရယ်

⭐ Rate These Lyrics

☆☆☆☆☆
Average: 0.0/5 • 0 ratings