Home 🎬 Bollywood 🎵 Pakistani 🎤 English Pop

Sa Pal Phyu Lay Nae Twe Tae Nout

👤 G Fatt • 🎼 Sa Pal Phyu Lay Nae Twe Tae Nout • ⏱️ 3:20
🎵 6637 characters
⏱️ 3:20 duration
🆔 ID: 9980377

📜 Lyrics

စံပယ်ဖြူလေးနဲ့တွေ့နောက်
ချစ်ခြင်းမေတ္တာ နဲ့ပတ်သတ်ရင် ဘယ်ကောင်နဲ့မှစစ်မဖြစ်လိုတဲ့
ချာတိတ်ဟာမင်းအပေါ်မှာကျတော့သစ်မြစ်လိုတွယ်
ငါဂရုစိုက်တာဆက်ဆံရေးတွေ
ဒီထက်ပိုကျစ်လစ်ဖို့ပဲဆိုတော့
နှုတ်ခမ်းလေးကိုလက်ဝါးနဲ့အုပ်လိုတခစ်ခစ်ကိုရယ်
ပင်လယ်ကြီးရဲ့အနားသူငယ်ချင်းတွေနဲ့အတူသွား
ဝိုင်ပုလင်းကိုချကိုယ်အဖြေရတဲ့ည
စကြာဝဠာကြီးကိုပ်ိုင်ခြင်းမျိုးပါ
ဖျော်ဖြေရေးတွေနား အလုပ် တွေပါး
နှစ်ယောက်အတူဆိုင်ဖွင့်စို့လား
ကိုယ်ရှင်သန်နေရွေ့ ဒီကမ္ဘာမှာ
ဘယ်သူမှမင်းကို အနိုင်ကျင့်လို့မရ
ကလောကောသွားချင်သေး
မေမြို့ကဝါးပင်လေးတွေ
မျင်လုံး လေးမှိတ် စိတ်ကူးနဲ့ပေါ့ ဖန်ဆင်းလို့နားဆင် Babe
ဆိုင်ခန်းကလစဉ်ကြေးတွေဘာကြောင့်မို့တအားဝန်လေးနေ
တစ်ယောက်ထဲတွေ့မကြောက်နဲ့ဟေး
ကိုယ်ရှိလို့အားအင်ပြည့်စေ
တစ်နေ့မှာမင်းဟာ ဂါဝန်ဖြူလေးဝတ်လို့ သိပ်လှပနေမယ်
ချစ်တတ်တဲ့ ကိုယ်ရဲ့လက်မှာမင်းမိဘတွေနဲ့ စိတ်ချရစေမယ်
ကိုယ်ဖန်တီးပေးမှာပေါ့ မင်းမှာမရှိတဲ့ မိတ္တဗလတွေလည်း
ဟော့ဒီကောင်က မင်းခြေလက်သေးသေးလေးတွေနဲ့ အရိပ်ကအစကြွေတယ်
မင်းက မသေးမျှင် ငါကတွတ်ပီပေါ့
MINUS ဟာဗိုက်ကလေးပဲဖြစ်မှာဆိုတော့
သူစွတ်ရယ်ရော ကိုယ်တကယ်စိတ်မလုံခြုံရခြင်းတွေကြားက လွတ်ပြီနော်
ဟုတ်တယ်မလား?
"ငြိမ်းချမ်းတဲ့ကဗျာလေးကို ဇာတ်သိမ်းခန်းမှာ ရွတ်ပြီပေါ့"
ငွေကြေးတွေ မလောက်ငှသည့်အထဲ
ဒီခရီးကို လျှောက်ရသည့်အရွယ်
ကိုယ်ဟာဝင်္ကပါထဲ မြေပုံစာရွက်လေးကောက်ရသည့်နှယ်
စိတ်ဓာတ်တွေ အောက်ကျသွားတိုင်းမှာ
အဆင်မပြေမှာတွေကို မင်းအပေါ်မှောက်ချမိတယ်
မင်းတန်ဖိုးနောက်မှ သိမယ်လို့ မင်းပြောတော့ကြောက်လှချည်ရဲ့
ညတွေဟာအိမ်မက်ဆိုးတွေနဲ့ ယဉ်ပါးဆဲ
မျက်လုံးသာပွင့်မသွားရင်
တစ်သက်လုံး ပြန်မနိုးတော့ဘူးတောင်ထင်ရတယ်
ကိုယ်ဘယ်လောက်တောင် အင်အားနည်း
မင်းကြည့်ရင်မြင်ရမယ်အရပ်မှာ
အလံဖြူလေး လွင့်ထားတယ်
မင်းမရှိဘဲနေထိုင်နည်းတွေကိုတော့
မသင်ကြားရဲ
ဒီအရူးက ကိုယ့်ကိုယ်ကို လောကကြီးအကြောင်း
အလေ့လာဆုံးထင်
ပေါက်ကရတွေလုပ်ပြီးရင် မင်ရဲထဲပဲ
အပြေးလာပုန်းချင်
တစ်နေ့မှာဝေးရာ မင်းထွက်သွားလို့ မေ့ကာမုန်းရင်
ဒါဟာမင်းပြန်လာဖို့
တစ်ခုထဲသောအရေးပါဆုံးသီချင်း
အားလုံးနဲ့လဲပြီး ရွေးခဲ့တာမလား?
ကိုယ်ဟာဘယ်တော့မှ မမေ့ပါ
မင်းဆီကနေ ချစ်တယ်ကြားဖို့ရုန်းကန်ခဲ့တဲ့
အခိုက်အတန်တိုင်းဟာ
ဆွတ်ပျံ့ကြည်နူးစရာ
တိမ်တွေဟာ အကန့်သတ်မဲ့ကို 'လှ'
နေဝင်ချိန်တစ်ခုနဲ့တွဲလို့ 'က'
ရွှေဝါရောင်မီးသီးလေးတွေ လင်းလာ
ကိုယ်မြင်နေနရတဲ့ မြို့ပြည
တစ်ခါတစ်လေကိုယ် စိတ်ဓာတ်လေးတွေကျ
အိမ်ပြန်ချင်မိတဲ့ အခိုက်အတန့်များ
ပိုင်ဆိုင်တာအားလုံး ပဲကြွေသွားပါစေ
ဒီလူဟာ မင်းမရှိ လို့တော့မရ
ဒီလူဟာ မင်းမရှိတော့လို့မရ
ဒီလူဟာ မင်းမရှိတော့လို့မရ
ဒီလူဟာ မင်းမရှိတော့လို့မရ
ဒီလူဟာ မင်းမရှိတော့လို့မရ
ပိုင်ဆိုင်တာအားလုံး ပဲကြွေသွားပါစေ
ပိုင်ဆိုင်တာအားလုံး ပဲကြွေသွားပါစေ
ပိုင်ဆိုင်တာအားလုံး ပဲကြွေသွားပါစေ
ဒီလူဟာ မင်းမရှိတော့လို့မရ

⭐ Rate These Lyrics

☆☆☆☆☆
Average: 0.0/5 • 0 ratings